ပုဒ်မ ၂၉၉
ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှု
ပုဒ်မ ၃၀၀-က
ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှု၏ ရှင်းလင်းချက်များ
ပုဒ်မ ၃၀၁
သေစေရန်ကြံရွယ်ခံရသူမှတစ်ပါး အခြားသူကိုသေစေခြင်းဖြင့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှု
ပုဒ်မ ၃၀၄
လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၀၄-က
ပေါ့လျော့ခြင်းဖြင့် သေစေမှု
ပုဒ်မ ၃၀၅
ကလေးဖြစ်စေ၊ စိတ်ပေါ့သွပ်သူဖြစ်စေ မိမိကိုယ်ကိုမိမိသေကြောင်းကြံမှုကို အားပေးကူညီခြင်း
ပုဒ်မ ၃၀၆
မိမိကိုယ်ကိုမိမိ သေကြာင်းကြံမှုကို အားပေးကူညီခြင်း
ပုဒ်မ ၃၀၇
လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း
ပုဒ်မ ၃၀၈
ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကိုကျူးလွန်ရန် အားထုတ်ခြင်း
ပုဒ်မ ၃၀၉
မိမိကိုယ်ကိုမိမိ သေကြောင်းကြံမှု ကျူးလွန်ရန်အားထုတ်ခြင်း
ပုဒ်မ ၃၁၂-က
မိန်းမကို ပဋိသန္ဓေ မတည်နိုင်အောင် ခွဲစိတ်ကုသခြင်း
ပုဒ်မ ၃၁၂-ခ
ယောက်ျားကို ပဋိသန္ဓေပေးနိုင်စွမ်း မရှိအောင် ခွဲစိတ်ကုသခြင်း
ပုဒ်မ ၃၁၂-ဂ
ပဋိသန္ဓေမတည်နိုင်အောင် သို့မဟုတ် ပဋိသန္ဓေပေးနိုင်စွမ်း မရှိအောင် ခွဲစိတ်ကုသသည်ကိုခံယူခြင်း
ပုဒ်မ ၃၁၂-ဃ
ပဋိသန္ဓေမတည်နိုင်အောင် သို့မဟုတ် ပဋိသန္ဓေပေးနိုင်စွမ်း မရှိအောင် ခွဲစိတ်ကုသခြင်းကြောင့် သေဆုံးမှု
ပုဒ်မ ၃၁၃
ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲ ကိုယ်ဝန်ပျက်စေခြင်း
ပုဒ်မ ၃၁၄
ကိုယ်ဝန်ပျက်စေရန် အကြံဖြင့် ပြုသော ပြုလုပ်မှုဖြင့်သေစေခြင်း
ပုဒ်မ ၃၁၅
ကလေးအရှင်မွေးဖွားခြင်းကို တားဆီးရန် အကြံဖြင့်သော်လည်းကောင်း၊ မွေးဖွားပြီးနောက် သေစေရန် အကြံဖြင့် သော်လည်းကောင်း ပြုလုပ်မှုတစ်ခုကို ပြုခြင်း
ပုဒ်မ ၃၁၆
လှုပ်ရှားသော ကိုယ်ဝန်ရှိ အမိဝမ်းတွင်းကလေးကို သေစေခြင်း
ပုဒ်မ ၃၁၇
မိဘက သို့မဟုတ် ထိန်းသိမ်းသူက အသက်ဆယ့်နှစ်နှစ်အောက် ကလေးကို စွန့်ပစ်ခြင်း
ပုဒ်မ ၃၁၈
ကလေးအလောင်းကို တိတ်တဆိတ်ဖျောက်ဖျက်ခြင်းဖြင့် မွေးဖွားသည်ကို ထိမ်ချန်ခြင်း
ပုဒ်မ ၃၂၁
မိမိအလိုအလျောက် နာကျင်စေမှု
ပုဒ်မ ၃၂၂
မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု
ပုဒ်မ ၃၂၃
မိမိအလိုအလျောက် နာကျင်စေမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၂၄
ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့မဟုတ် နည်းဖြင့် မိမိအလိုအလျောက်နာကျင်စေမှု
ပုဒ်မ ၃၂၅
မိမိအလိုအလျောက်အပြင်းအထန်နာကျင်စေမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၂၆
ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် သို့မဟုတ်နည်းဖြင့် မိမိအလိုအလျောက်အပြင်းအထန်နာကျင်စေမှု
ပုဒ်မ ၃၂၇
ပစ္စည်းကိုခြောက်လှန့် တောင်းရန်ဖြစ်စေ၊ဥပဒေနှင့်မညီသော ပြုလုပ်မှုကို ပြုစေခြင်းငှာ အတင်းအကျပ် ပြုရန်ဖြစ်စေ မိမိအလိုအလျောက်နာကျင်စေမှု
ပုဒ်မ ၃၂၈
ပြစ်မှုကျူးလွန်ရန်ကြံရွယ်၍ အဆိပ်စသည်နည်းလမ်းများဖြင့် နာကျင်စေမှု
ပုဒ်မ ၃၂၉
ပစ္စည်းကိုခြောက်လှန့် တောင်းရန်ဖြစ်စေ၊ ဥပဒေနှင့်မညီသော ပြုလုပ်မှုကို ပြုစေခြင်းငှာ အတင်းအကျပ် ပြုရန်ဖြစ်စေ မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု
ပုဒ်မ ၃၃၀
ခြောက်လှန့်၍ ဖြောင့်ချက်ယူရန်ဖြစ်စေ၊ ပစ္စည်းကိုပြန်ပေးအောင် အတင်းအကျပ်ပြုလုပ်ရန်ဖြစ်စေ မိမိအလိုအလျောက် နာကျင်စေမှု
ပုဒ်မ ၃၃၁
ခြောက်လှန့်၍ ဖြောင့်ချက်ယူရန်ဖြစ်စေ၊ ပစ္စည်းပြန်ပေးအပ်စေရန် အတင်းအကျပ်ပြုရန်ဖြစ်စေ မိမိအလို အလျောက် အပြင်းအထန် နာကျင်စေမှု
ပုဒ်မ ၃၃၂
ပြည်သူ့ဝန်ထမ်းအား တာ၀န်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု
ပုဒ်မ ၃၃၃
ပြည်သူ့ဝန်ထမ်းအား တာ၀န်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု
ပုဒ်မ ၃၃၄
ဒေါသထွက်အောင် ပြုမှုကြောင့် မိမိအလိုအလျောက် နာကျင်စေမှု
ပုဒ်မ ၃၃၅
ဒေါသထွက်အောင် ပြုမှုကြောင့် မိမိ အလိုအလျောက် အပြင်းအထန် နာကျင်စေမှု
ပုဒ်မ ၃၃၆
အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု
ပုဒ်မ ၃၃၇
အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသောပြုလုပ်မှုတစ်ခုခုကိုပြုခြင်းဖြင့်နာကျင်စေမှု
ပုဒ်မ ၃၃၈
အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှုတခုခုကို ပြုခြင်းဖြင့် အပြင်းအထန် နာကျင်စေမှု
ပုဒ်မ ၃၃၉
မတရားတားဆီးကန့်ကွက်ခြင်းနှင့် မတရားချုပ်နှောင်ထားခြင်း၊။ မတရားတားဆီး ကန့်ကွက်မှု။
ပုဒ်မ ၃၄၁
မတရားတားဆီး ကန့်ကွက်မှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၄၂
မတရား ချုပ်နှောင် ားမှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၃၄၃
သုံးရက် သို့မဟုတ် သုံးရက်ထက် ပို၍ မတရား ချုပ်နှောင်ထားမှု
ပုဒ်မ ၃၄၄
ဆယ်ရက် သို့မဟုတ် ဆယ်ရက်ထက်ပို၍ မတရားချုပ်နှောင်ထားမှု
ပုဒ်မ ၃၄၅
လွတ်ခွင့်အမိန့်ထုတ်ဆင့်ခြင်း ခံရပြီးသောသူကို မတရားချုပ်နှောင်ထားမှု
ပုဒ်မ ၃၄၆
လျှို့ဝှက်စွာမတရား ချုပ်နှောင်ထားမှု
ပုဒ်မ ၃၄၇
ပစ္စည်းကိုခြောက်လှန့် တောင်းရန်ဖြစ်စေ၊ ဥပဒေနှင့်မညီသော ပြုလုပ်မှုကိုပြုစေခြင်းငှာ အတင်းအကျပ် ပြုရန် ဖြစ်စေ မတရားသဖြင့် ချုပ်နှောင်ထားမှု
ပုဒ်မ ၃၄၈
ခြောက်လှန့်၍ ဖြောင့်ချက် ယူရန်ဖြစ်စေ၊ ပစ္စည်းကို ပြန်ပေးစေရန် အတင်းအကျပ်ပြုရန်ဖြစ်စေ မတရား ချုပ်နှောင်ထားမှု
ပုဒ်မ ၃၄၉
ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုနှင့် လက်ရောက်မှု ။ အနိုင်အထက်ပြုမှု။
ပုဒ်မ ၃၅၀
ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု
ပုဒ်မ ၃၅၂
အကြီးအကျယ်ဒေါသထွက်အောင် ပြုမှုကြောင့်မဟုတ်ဘဲ အခြားအကြောင်းကြောင့်ဖြစ်သော လက်ရောက်မှုအတွက် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုအတွက်ပြစ်ဒဏ်
ပုဒ်မ ၃၅၃
တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ပြည်သူ့ဝန်ထမ်းကို ဟန့်တားရန် လက်ရောက်မှု သို့မဟုတ် ရာဇဝတ် မကင်းသော အနိုင်အထက်ပြုမှု
ပုဒ်မ ၃၅၄
မိန်းမ၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့်လက်ရောက်မှု သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု
ပုဒ်မ ၃၅၅
အကြီးအကျယ်ဒေါသထွက်အောင်ပြုမှုကြောင့် မဟုတ်ဘဲ၊ အခြားအကြောင်းကြောင့် သူတစ်ဦးအား ဂုဏ်သရေညှိုးနွမ်းစေရန်အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု
ပုဒ်မ ၃၅၆
သူတစ်ဦးသယ်ဆောင်လာသော ပစ္စည်းကိုခိုးယူရန် အားထုတ်ရာတွင်လက်ရောက်မှု သို့မဟုတ် ရာဇဝတ် မကင်းသော အနိုင်အထက်ပြုမှု
ပုဒ်မ ၃၅၇
သူတစ်ဦးကို မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင်လက်ရောက်မှု သို့မဟုတ်ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု။
ပုဒ်မ ၃၅၈
အကြီးအကျယ်ဒေါသထွက်အောင် ပြုမှုခံရ၍ လက်ရောက်မှုသို့မဟုတ် ရာဇဝတ်မကင်းသောအနိုင်အထက်ပြုမှု
ပုဒ်မ ၃၅၉
လူခိုးမှု၊ သွေးဆောင်ဆွဲခေါ်မှု ၊ ကျွန်ပြုမှုနှင့် အနိုင်အထက်ခိုင်းစေမှု ။ လူခိုးမှု။
ပုဒ်မ ၃၆၀
ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ လူခိုးမှု