ပုဒ်မ ၃၃၇
ပုဒ်မ ၃၃၇
အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသောပြုလုပ်မှုတစ်ခုခုကိုပြုခြင်းဖြင့်နာကျင်စေမှု

လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကိုဖြစ်စေ ဘေးဖြစ်အောင် မည်သူမဆို အရမ်းသော် လည်းကောင်း၊ ပေါ့လျော့စွာသော် လည်းကောင်း ပြုလုပ်မှုတစ်ခုခုကိုပြုခြင်းဖြင့် သူတစ်ဦးဦးအား နာကျင်စေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။