မည်သူမဆို သူတစ်ဦးဦးအား ထိုသူကိုယ်တိုင်ကဖြစ်စေ၊ ထိုသူ့ကိုယ်စား ဥပဒေနှင့်အညီ သဘောတူ ချက်ပေးပိုင်ခွင့်ရှိသူကဖြစ်စေ သဘောမတူဘဲ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ ပို့ဆောင်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံမှ အပသို့ လူကိုခိုးယူသည်မည်၏။