မည်သူမဆို မိန်းမတစ်ဦး၏ ကိုယ် သို့မဟုတ် စိတ်ကျန်းမာရေးအတွက် ထိုမိန်းမကို ပဋိသန္ဓေ မတည်နိုင်အောင် ခွဲစိတ်ကုသရန် လိုအပ်ကြောင်း ဤကိစ္စအလို့ငှာ အစိုးရခန့်ထားသည့်အဖွဲ့က ထောက်ခံ ခြင်းမရှိဘဲ ထိုမိန်းမကို ပဋိသန္ဓေမတည်နိုင်အောင် တမင်ခွဲစိတ်ကုသလျှင် ထိုသူအား သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
သို့ရာတွင် ထိုမိန်းမ၏အသက်ကို ကယ်ဆယ်ရန်အလို့ငှာ ချက်ချင်းအရေးယူ ဆောင်ရွက်ရမည့်ကိစ္စ များတွင် အဆိုပါ ထောက်ခံချက်လက်မှတ် ရယူရန်မလို။