ပုဒ်မ ၃၁၃
ပုဒ်မ ၃၁၃
ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲ ကိုယ်ဝန်ပျက်စေခြင်း

မည်သူမဆို ကိုယ်ဝန်လှုပ်ရှားသည်ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ ကိုယ်ဝန် ဆောင်မိန်းမ၏ သဘော မတူဘဲ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြသည့်ပြစ်မှုကို ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။