ပုဒ်မ ၃၀၉
ပုဒ်မ ၃၀၉
မိမိကိုယ်ကိုမိမိ သေကြောင်းကြံမှု ကျူးလွန်ရန်အားထုတ်ခြင်း

မည်သူမဆို မိမိကိုယ်ကို မိမိသေကြောင်းကြံမှု ကျူးလွန်ရန် အားထုတ်၍ ထိုပြစ်မှုကို ကျူးလွန်ရန် ရှေ့ရှုသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။