ပုဒ်မ ၃၅၅
ပုဒ်မ ၃၅၅
အကြီးအကျယ်ဒေါသထွက်အောင်ပြုမှုကြောင့် မဟုတ်ဘဲ၊ အခြားအကြောင်းကြောင့် သူတစ်ဦးအား ဂုဏ်သရေညှိုးနွမ်းစေရန်အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု

မည်သူမဆို မိမိအား သူတစ်ဦးဦးက ရုတ်တရက်အကြီးအကျယ် ဒေါသထွက်အောင်ပြုမှုကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့် ထိုသူကိုဂုဏ်သရေညှိုးနွမ်းစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန် လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား နှစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။