ပုဒ်မ ၃၁၂-ခ
ပုဒ်မ ၃၁၂-ခ
ယောက်ျားကို ပဋိသန္ဓေပေးနိုင်စွမ်း မရှိအောင် ခွဲစိတ်ကုသခြင်း

မည်သူမဆို ယောက်ျားတစ်ဦး၏ ကိုယ် သို့မဟုတ် စိတ်ကျန်းမာရေးအတွက် ထိုယောက်ျားကို ပဋိသန္ဓေပေးနိုင်စွမ်းမရှိအောင် ခွဲစိတ်ကုသရန် လိုအပ်ကြောင်း ဤကိစ္စအလို့ငှာ အစိုးရခန့်ထားသည့် အဖွဲ့က ထောက်ခံခြင်းမရှိဘဲ ထိုယောက်ျားကို ပဋိသန္ဓေ ပေးနိုင်စွမ်းမရှိအောင် တမင်ခွဲစိတ်ကုသလျှင် ထိုသူအား သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။