ပုဒ်မ ၃၂၀
ပုဒ်မ ၃၂၀
အပြင်းအထန် နာကျင်စေမှု

အောက်ပါနာကျင်စေမှုများသည်သာလျှင် “အပြင်းအထန်” နာကျင်စေမှုမည်၏-

ပထမ။လူကိုသင်းကွပ်ခြင်း။
ဒုတိယ။လူ၏မျက်စိတစ်ဖက်ဖက်ကို အမြဲမမြင်အောင်ပြုခြင်း။
တတိယ။လူ၏ နားတစ်ဖက်ဖက်ကို အမြဲမကြားအောင်ပြုခြင်း။
စတုတ္ထ။ကိုယ်လက်အင်္ဂါ သို့မဟုတ် အဆစ်အမြစ်တစ်ခုခုကို ကျိုးပဲ့ပျက်စီးအောင် ပြုခြင်း။
ပဉ္စမ။ကိုယ်လက်အင်္ဂါ သို့မဟုတ် အဆစ်အမြစ်တစ်ခုခု၏ အင်အားကို ဖျက်ဆီးခြင်း သို့မဟုတ် အမြဲ ချို့တဲ့အောင်ပြုခြင်း။
ဆဋ္ဌမ။ဦးခေါင်းကိုဖြစ်စေ၊ မျက်နှာကိုဖြစ်စေ၊ အမြဲရုပ်ဆင်းပျက်အောင် ပြုခြင်း။
သတ္တမ။အရိုးကို သို့မဟုတ် သွားကို ကျိုးအက်ကွဲအောင်ဖြစ်စေ၊ တိမ်းလွဲအောင်ဖြစ်စေ ပြုခြင်း။
အဋ္ဌမ။အသက်ကို အန္တရာယ်ဖြစ်စေအောင် သို့မဟုတ် နာကျင်ခံရသူသည် ရက်ပေါင်း နှစ်ဆယ် အတွင်း ကိုယ်အင်္ဂါအပြင်းအထန်ဝေဒနာခံရအောင် သို့မဟုတ် ရက်ပေါင်း နှစ်ဆယ်အတွင်း မိမိလုပ်ဆောင်မြဲ အလုပ်အကိုင်တို့ကို မလုပ်ကိုင်နိုင်အောင် နာကျင်စေခြင်း။