မည်သူမဆို သူတစ်ဦးဦး ဝတ်ဆင်ထားသော သို့မဟုတ် သယ်ဆောင်လာသောပစ္စည်း တစ်ခုခုကို ခိုးယူရန် အားထုတ်ရာတွင် ထိုသူကို လက် ရောက်မှု ကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအားနှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။