ပုဒ်မ ၃၅၂
ပုဒ်မ ၃၅၂
အကြီးအကျယ်ဒေါသထွက်အောင် ပြုမှုကြောင့်မဟုတ်ဘဲ အခြားအကြောင်းကြောင့်ဖြစ်သော လက်ရောက်မှုအတွက် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုအတွက်ပြစ်ဒဏ်

မည်သူမဆို ရုတ်တရက်အကြီးအကျယ် ဒေါသထွက်အောင် သူတစ်ဦးဦးက ပြုခြင်းကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့် ထိုသူအား လက်ရောက်မှုကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်း သော အနိုင်အထက် ပြုမှုကို ပြုလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်။ ပြစ်မှုအတွက် အပြစ်တွင် ကင်းလွတ်ခွင့်ရစေရန် ဒေါသထွက်စေမှုကို ပြစ်မှု ကျူးလွန်သူက ရှာကြံလျှင် သို့မဟုတ်

မိမိဒေါသထွက်အောင် သူတစ်ပါးကပြုစေရန် မိမိက ထိုသူအား မိမိအလိုအလျောက်ပြုလျှင် သို့မဟုတ်

ဥပဒေကိုနာခံ၍သော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ဥပဒေနှင့်အညီ အခွင့်အာဏာကို သုံးစွဲရာတွင် ပြည်သူ့ဝန်ထမ်းကသော်လည်းကောင်း၊ ပြုမူဆောင်ရွက်သော ကိစ္စက ဒေါသထွက်စေမှုကို ဖြစ်စေလျှင် သို့မဟုတ်

ကာကွယ်ခုခံပိုင်ခွင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် ပြုသောအရာက ဒေါသထွက်စေမှုကို ဖြစ်စေလျှင်

ရုတ်တရက်အကြီးအကျယ် ဒေါသထွက်စေမှုသည် ဤပုဒ်မအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည့် အတွက် ပြစ်ဒဏ်ကို ပေါ့လျော့စေမည်မဟုတ်။

ဒေါသထွက်စေမှုသည် ပြစ်မှုကို ပေါ့လျော့စေလောက်အောင် ရုတ်တရက် အကြီးအကျယ် ဖြစ်သည် မဖြစ်သည်ဆိုသော အချက်မှာကား အကြောင်းခြင်းရာပြဿနာ ဖြစ်သည်။