တိုင်းရင်းသား၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စု တစ်စုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့်-
(က) ယင်းအုပ်စုဝင်များကို သတ်ဖြတ်သူ၊ သို့မဟုတ်
(ခ) ယင်းအုပ်စုဝင်များကို အပြင်းအထန်နာကျင်စေမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် နာကျင်စေမှု ဖြစ်စေသူ၊ သို့မဟုတ်
(ဂ) ယင်းအုပ်စု၏ ရုပ်ပိုင်းဆိုင်ရာတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်စီးစေရန် ရည်ရွယ်၍ ယင်းတို့၏လူမှုဘဝကို တမင်ဖျက်ဆီးသူ၊ သို့မဟုတ်
(ဃ) တည်ဆဲဥပဒေများနှင့်အညီမဟုတ်ဘဲ အဆိုပါအုပ်စုအတွင်းကလေးမွေးဖွားမှုကို တားမြစ်ရန်ကြံရွယ်၍ အစီအမံများချမှတ်သူ၊ သို့မဟုတ်
(င) ယင်းအုပ်စုတစ်ခုမှကလေးသူငယ်များကို အခြားအုပ်စုသို့အတင်းအကျပ်လွှဲပြောင်းပေးသူ မည်သူမဆို လူမျိုးသုဉ်းစေမှုကိုကျူးလွန်သည်မည်၏။