သူတစ်ဦးဦးအတွက် လွတ်ခွင့်အမိန့်ကို နည်းလမ်းတကျ ထုတ်ဆင့်ပြီးကြောင်း သိလျက်နှင့် မည်သူ မဆို ထိုသူအား မတရားချုပ်နှောင်ထားလျှင် ထိုချုပ်နှောင်ထားသူကို ဤအခန်းပါ အခြားပုဒ်မတစ်ခုခုအရ ထိုက်သင့်သော ထောင်ဒဏ်အပြင် နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုလည်း ချမှတ်ရမည်။