မည်သူမဆို ဥပဒေနှင့်အညီ အပြစ်လွတ်ခွင့်မရှိဘဲ ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးအား သေစေ တန်ရာသည်ကို သိလျက်နှင့် ပြုလုပ်မှုတစ်ခုကိုပြု၍ ထိုသို့ပြုခြင်းဖြင့် လှုပ်ရှားသော ကိုယ်ဝန်ရှိ အမိဝမ်းတွင်းကလေးကို သေစေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။