သူတစ်ဦး သွားလာပိုင်ခွင့်ရှိသော အရပ်သို့မသွားမလာရအောင် တားဆီးရန် မည်သူမဆို ထိုသူအား မိမိအလိုအလျောက် ပိတ်ပင်လျှင် ထိုပိတ်ပင်သူသည် မတရားတားဆီး ကန့်ကွက်သည် မည်၏။
ကင်းလွတ်ချက်။ ကုန်းတွင်ဖြစ်စေ၊ ရေတွင်ဖြစ်စေ ကိုယ်ပိုင်လမ်းကို တရားသဖြင့် ပိတ်ပင်ခွင့် ရှိသည်ဟု သဘောရိုးနှင့်ယုံကြည်၍ ပိတ်ပင်ခြင်းသည် ဤပုဒ်မ၏ အဓိပ္ပာယ်အတွင်း အကျုံးဝင်သော ပြစ်မှုမဟုတ်။
ဥပမာ
လမ်းကို ပိတ်ပင်ပိုင်ခွင့်ရှိကြောင်း သဘောရိုးနှင့်ယုံကြည်ခြင်းမရှိဘဲ A သည် Z သွားလာပိုင်ခွင့်ရှိသော လမ်းကလေးကို ပိတ်ပင်၏။ ထို့ကြောင့် Z သည် တားဆီးခြင်း ခံရသည်။ A သည် Z ကို မတရားတားဆီး ကန့်ကွက်သည်မည်၏။