ပုဒ်မ ၃၁၂-ဃ
ပုဒ်မ ၃၁၂-ဃ
ပဋိသန္ဓေမတည်နိုင်အောင် သို့မဟုတ် ပဋိသန္ဓေပေးနိုင်စွမ်း မရှိအောင် ခွဲစိတ်ကုသခြင်းကြောင့် သေဆုံးမှု

မည်သူမဆို သူတစ်ဦးဦး၏ ကိုယ် သို့မဟုတ် စိတ်ကျန်းမာရေးအတွက် ထိုသူကို ပဋိသန္ဓေ မတည်နိုင်အောင်သော်လည်းကောင်း၊ ပဋိသန္ဓေပေးနိုင်စွမ်း မရှိအောင်သော်လည်းကောင်း ခွဲစိတ် ကုသရန် လိုအပ်ကြောင်း ဤကိစ္စအလို့ငှာ အစိုးရခန့်ထားသည့် အဖွဲ့က ထောက်ခံခြင်းမရှိဘဲ ထိုသူကို ထိုသို့ ပဋိသန္ဓေမတည်နိုင်အောင် သို့မဟုတ် ပဋိသန္ဓေပေးနိုင်စွမ်းမရှိအောင် တမင်ခွဲစိတ် ကုသပေးသဖြင့် ထိုသူသေဆုံးလျှင် ထိုသို့ ခွဲစိတ်ကုသပေးသူအား ဆယ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။