ချုပ်နှောင်ခံရသူထံမှဖြစ်စေ၊ ချုပ်နှောင်ခံရသူနှင့် အကျိုးသက်ဆိုင်သောသူထံမှဖြစ်စေ ပစ္စည်းကို သို့မဟုတ် အဖိုးတန်စာတမ်းအမှတ်အသားကို ခြောက်လှန့်တောင်းရန်သော်လည်းကောင်း၊ ထိုသူ တစ်ဦးဦးအား ဥပဒေနှင့်မညီသောအရာကို အတင်းအကျပ်ပြုစေရန် သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို လွယ်ကူစေနိုင်သော သတင်းတစ်ခုခုကို အတင်းအကျပ် ပေးစေရန်သော်လည်းကောင်း မည်သူမဆို သူတစ်ဦးဦးအား မတရားသဖြင့် ချုပ်နှောင်ထားလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။