ပုဒ်မ ၃၀၂
ပုဒ်မ ၃၀၂
လူသတ်မှုအတွက် ပြစ်ဒဏ်

(၁) မည်သူမဆို

(က) ထောင်ဒဏ်နှစ် နှစ်ဆယ် စီရင်ခြင်းခံရသည့်အတွင်း သို့မဟုတ်

(ခ) တင်ကူးကြံရွယ်ချက်ဖြင့် သို့မဟုတ်

(ဂ) ဤရာဇသတ်ကြီးအရ ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

(၂) မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက်။ ပြုလုပ်မှုတစ်ခုသည် တင်ကူးကြံရွယ်သော ပြုလုပ်မှုဖြစ်သည် မဖြစ်သည်ဆိုသော အချက်မှာ အကြောင်းခြင်းရာပြဿနာဖြစ်သည်။