ပုဒ်မ ၃၁၂
ပုဒ်မ ၃၁၂
ကိုယ်ဝန်ပျက်စေခြင်း

မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမ၏ အသက်ကိုကယ်ဆယ်လိုသော သဘောရိုးဖြင့်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်စေရန် မိမိအလိုအလျောက် ပြုလျှင်ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ မိန်းမသည် လှုပ်ရှားသော ကိုယ်ဝန်နှင့်ဖြစ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက်။ မိမိ၏ ကိုယ်ဝန်ကို မိမိပျက်စေသည့်မိန်းမသည် ဤပုဒ်မပါ အဓိပ္ပာယ်တွင် အကျုံးဝင် သည်။