ဒေါသထွက်အောင် ပြုသူမှတစ်ပါး အခြားသူအား နာကျင်စေရန် မကြံရွယ်ခဲ့သော် သို့မဟုတ် နာကျင်စေတန်ရာသည်ကို မိမိမသိခဲ့သော် မည်သူမဆို မိမိအား ရုတ်တရက် အကြီးအကျယ် ဒေါသထွက်အောင် ပြုမှုကြောင့် မိမိအလိုအလျောက် နာကျင်စေမှုကိုပြုလျှင် ထိုသူကို တစ်လထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။