ပုဒ်မ ၃၅၈
ပုဒ်မ ၃၅၈
အကြီးအကျယ်ဒေါသထွက်အောင် ပြုမှုခံရ၍ လက်ရောက်မှုသို့မဟုတ် ရာဇဝတ်မကင်းသောအနိုင်အထက်ပြုမှု

မည်သူမဆို မိမိအားသူတစ်ဦးဦးက ရုတ်တရက်အကြီးအကျယ် ဒေါသထွက်အောင်ပြုမှုကြောင့် ထိုသူကို လက်ရောက်မှုကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား တစ်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်။ အထက်ပုဒ်မ ၃၅၈ ကို ပုဒ်မ ၃၅၂ နှင့်ထပ်တူ အဓိပ္ပာယ်ကောက်ယူရမည်။