သူတစ်ဦးသည် သေစေရန် မိမိကြံရွယ်သော သို့မဟုတ် သေစေတန်ရာသည်ဟု မိမိသိသော အရာတစ်ခုခုကို ပြုခြင်းဖြင့် သေစေရန် မိမိက မကြံရွယ်သောသူ၏ သေခြင်းကိုဖြစ်စေလျက် သို့မဟုတ် သူတစ်ဦး၏ သေခြင်းကို ဖြစ်စေတန်ရာသည်ဟု မိမိကိုယ်တိုင် မသိသော ထိုသူ၏ သေခြင်းကိုဖြစ်စေ လျက် ပြစ်မှုတစ်ခုခုကို ကျူးလွန်လျှင် ထိုသူကျူးလွန်သော ပြစ်မှုသည် သေစေရန် မိမိကကြံရွယ်သည့် သူကို သေစေသော ပြစ်မှုနှင့်သော်လည်းကောင်း၊ သေခြင်းကို ဖြစ်စေတန်ရာသည်ဟု မိမိကိုယ်တိုင် သိသည့် သေခြင်းကို ဖြစ်စေသော ပြစ်မှုနှင့်သော်လည်းကောင်း မခြားထပ်တူဖြစ်သည်။
ရှင်းလင်းချက်။ ဤပုဒ်မပါ “ပြစ်မှု” ဆိုသောစကားသည် ရာဇသတ်ကြီး ပုဒ်မ ၂၉၉ ၌ သို့မဟုတ် ပုဒ်မ ၃၀၀ ၌ သို့မဟုတ် ၃၀၄-က ၌ ဖော်ပြထားသော ပြစ်မှုကို ဆိုလိုသည်။