မည်သူမဆို ကိုယ်ဝန်ပျက်စေရန် အကြံဖြင့် ကိုယ်ဝန်ဆောင်မိန်းမကို သေစေရန် ပြုလုပ်မှု တစ်ခုခုကိုပြုလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။
ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲပြုလျှင်။
ထို့ပြင် ထိုပြုလုပ်မှုကို ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ဖြစ်စေ၊ အထက်ဖော်ပြခဲ့သည့် ပြစ်ဒဏ်မျိုးဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက်။ မိမိပြုသော ပြုလုပ်မှုသည် သေစေတန်ရာသည်ဟု ပြစ်မှုကျူးလွန်သူက သိရန်မလို။