မည်သူမဆို သူတစ်ဦးဦးအား နာကျင်စေရန် ကြံရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရန် ကြံရွယ် ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ခြင်းကို လွယ်ကူစေရန် ကြံရွယ်ချက်ဖြင့်ဖြစ်စေ၊ နာကျင်စေတန်ရာ သည်ကို သိလျက်ဖြင့်ဖြစ်စေ အဆိပ်ကိုသော်လည်းကောင်း၊ ထိုင်းမှိုင်းစေသော သို့မဟုတ် မူးယစ်စေသော သို့မဟုတ် မကျန်းမမာစေသော ဆေးဖက်ဝင်ဝတ္ထုကိုသော်လည်းကောင်း၊ မကျန်းမမာစေသော အခြား အရာဝတ္ထုတစ်ခုခုနှင့်သော်လည်းကောင်း သင့်စေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။