ပုဒ်မ ၃၃၅
ပုဒ်မ ၃၃၅
ဒေါသထွက်အောင် ပြုမှုကြောင့် မိမိ အလိုအလျောက် အပြင်းအထန် နာကျင်စေမှု

ဒေါသထွက်အောင် ပြုသူမှတစ်ပါး အခြားသူအား နာကျင်စေရန် မကြံရွယ်ခဲ့သော် သို့မဟုတ် နာကျင်စေတန်ရာသည်ကို မိမိမသိခဲ့သော် မည်သူမဆို မိမိအားရုတ်တရက် အကြီးအကျယ်ဒေါသ ထွက်အောင်ပြုမှုကြောင့် မိမိအလိုအလျောက်အပြင်းအထန် နာကျင်စေမှုကို ပြုလျှင် ထိုသူကို လေးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်။ အထက်ပါပုဒ်မ ၃၃၄ နှင့် ၃၃၅ တို့သည် ပုဒ်မ ၂၉၉ (၂) ရှိ ကင်းလွတ်ချက် (က) ပါ ခြွင်းချက်များနှင့် မဆန့်ကျင်စေရ။