မည်သူမဆို သူတစ်ဦးဦးကို ပိုင်းခြားသတ်မှတ်သော နေရာမှ အခြားသို့ မသွားမလာရအောင် တားဆီးရန် မတရားတားဆီးကန့်ကွက်လျှင် တားဆီးကန့်ကွက်သူသည် ထိုသူကို မတရားချုပ်နှောင် ထားသည်မည်၏။
ဥပမာများ
(က) A သည် Z ကို ကာရံထားသောနံရံအတွင်း ဝင်စေပြီးလျှင် တံခါးကို သော့ခတ်ထား၏။ ထိုသို့ သော့ခတ်ထားသဖြင့် Z သည် နံရံအပြင်ဘက်သို့ မထွက်နိုင်ချေ။ A သည် Z ကို မတရား ချုပ်နှောင်ထား သည်မည်၏။
(ခ) အဆောက်အအုံတစ်ခု၏ ထွက်ပေါက်များ၌ A သည် သေနတ် လက်နက်ကိုင်များကို ချထားပြီးလျှင် ထိုအဆောက်အအုံ၏ အပြင်ဘက်သို့ Z ထွက်သွားရန် အားထုတ်လျှင် ထိုချထားသော သူများက သေနတ်နှင့် Z ကိုပစ်လိမ့်မည်ဟု A က Z ကိုပြော ၏။ A သည် Z ကို မတရား ချုပ်နှောင်ထားသည်မည်၏။