မည်သူမဆို မိန်းမတစ်ဦး၏ ကာယိန္ဒြေကိုပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း၊ ကာယိန္ဒြေ ပျက်စီးတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုလျှင် ထိုသူအား နှစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။