ပုဒ်မ ၃၄၃
ပုဒ်မ ၃၄၃
သုံးရက် သို့မဟုတ် သုံးရက်ထက် ပို၍ မတရား ချုပ်နှောင်ထားမှု

မည်သူမဆို သူတစ်ဦးဦးကို သုံးရက်သော်လည်းကောင်း၊ သုံးရက်ထက်ပို၍သော်လည်းကောင်း မတရားချုပ်နှောင်ထားလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။