ပုဒ်မ ၃၁၇
ပုဒ်မ ၃၁၇
မိဘက သို့မဟုတ် ထိန်းသိမ်းသူက အသက်ဆယ့်နှစ်နှစ်အောက် ကလေးကို စွန့်ပစ်ခြင်း

အသက်ဆယ့်နှစ်နှစ်အောက် ကလေး၏ ဖခင် သို့မဟုတ် မိခင်ကသော်လည်းကောင်း၊ ထိန်းသိမ်း သူကသော်လည်းကောင်း ထိုကလေးကို လုံးဝစွန့်ပစ်ရန် အကြံဖြင့် မည်သည့်နေရာတွင်မဆို စွန့်ပစ် ထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်။ စွန့်ပစ်ထားခြင်းကြောင့် ကလေးသေဆုံးခဲ့သော် ပြစ်မှုကျူးလွန်သူကို အမှုအားလျော်စွာ လူသတ်မှုဖြင့်ဖြစ်စေ၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုဖြင့်ဖြစ်စေ စစ်ဆေးစီရင်သည်ကို တားမြစ်ရန် ဤပုဒ်မက မရည်ရွယ်။