အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူထံမှဖြစ်စေ ပစ္စည်းကို သို့မဟုတ် အဖိုးတန်စာတမ်းအမှတ်အသားကို ခြောက်လှန့်တောင်းရန်သော်လည်းကောင်း၊ ဥပဒေနှင့်မညီသော အရာကို သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို လွယ်ကူစေသော အရာကိုပြုစေခြင်းငှာ အပြုခံရသူကိုဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူကိုဖြစ်စေ အတင်းအကျပ်ပြုစေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် နာကျင်စေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။