မည်သူမဆို မိမိ၏ ကိုယ် သို့မဟုတ် စိတ်ကျန်းမာရေးအတွက် မိမိကို ပဋိသန္ဓေမတည်နိုင်အောင် သော်လည်းကောင်း၊ ပဋိသန္ဓေပေးနိုင်စွမ်းမရှိအောင်သော်လည်း ကောင်း ခွဲစိတ်ကုသရန် လိုအပ်ကြောင်း ဤကိစ္စအလို့ငှာ အစိုးရခန့်ထားသည့်အဖွဲ့က ထောက်ခံခြင်းမရှိဘဲ ထိုသို့ ပဋိသန္ဓေမတည်နိုင်အောင် သို့မဟုတ် ပဋိသန္ဓေပေးနိုင်စွမ်းမရှိအောင် ခွဲစိတ်ကုသပေးသည်ကို မိမိသဘောအလျောက်ခံယူလျှင် ထိုသူအား သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။