လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကိုဖြစ်စေ၊ ဘေးဖြစ်အောင် မည်သူမဆို အရမ်းသော် လည်းကောင်း၊ ပေါ့လျော့စွာသော်လည်း ကောင်း ပြုလုပ်မှုတစ်ခုခုကို ပြုခြင်းဖြင့် သူတစ်ဦးဦးအား အပြင်းအထန်နာကျင်စေလျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။