မည်သူမဆို ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုအဖြစ်ဖြင့်သော်လည်း ကောင်း၊ လူသတ်မှု အဖြစ်ဖြင့်သော်လည်းကောင်း ပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သော အရမ်းပြုလုပ်မှုကို သို့မဟုတ် ပေါ့လျော့ သော ပြုလုပ်မှုကိုပြု၍ လူကိုသေစေလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ သို့ရာတွင် အဆိုပါ ပြုလုပ်မှုကို သေစေတန်ရာသည်ဟု သိလျက်နှင့် ပြုလျှင် ထောင်ဒဏ်ကို တိုး၍ ဆယ်နှစ်ထိ ချမှတ်နိုင်သည်။