ပုဒ်မ ၃၃၄ ၌ ပြဋ္ဌာန်းထားသော အချက်မှတစ်ပါး ပစ်ခတ်ရန် သို့မဟုတ် ထိုးရန် သို့မဟုတ် ခုတ်ဖြတ်ရန် ကိရိယာတစ်ခုခုဖြင့်ဖြစ်စေ၊ ရန်မူသော လက်နက်အဖြစ်ဖြင့် သုံးစွဲလျှင် သေစေတန်ရာသော ကိရိယာတစ်ခုခုဖြင့်ဖြစ်စေ၊ မီးဖြင့် သို့မဟုတ် အပူရှိန်ရှိသော အရာဝတ္ထုတစ်ခုခုဖြင့်ဖြစ်စေ၊ အဆိပ်ဖြင့် သို့မဟုတ် စားလောင်စေတတ်သော အရာဝတ္ထုတစ်ခုခုဖြင့်ဖြစ်စေ၊ ပေါက်ကွဲတတ်သော အရာဝတ္ထု တစ်ခုခုဖြင့်ဖြစ်စေ ရှူရှိုက်လျှင် သို့မဟုတ် မျိုချလျှင် သို့မဟုတ် သွေးထဲသို့ရောက်သွားလျှင် လူကိုယ်ခန္ဓာ ကို အန္တရာယ်ဖြစ်စေတတ်သော အရာဝတ္ထုတစ်ခုခုဖြင့်ဖြစ်စေ၊ တိရစ္ဆာန်တစ်ကောင်ကောင်ဖြင့်ဖြစ်စေ မည်သူမဆို သူတစ်ဦးအား မိမိအလိုအလျောက် နာကျင်စေလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုး မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။