မည်သူမဆို ကလေးမမွေးဖွားမီ ထိုကလေးအရှင် မွေးဖွားခြင်းကို တားဆီးရန်အကြံဖြင့်ဖြစ်စေ၊ မွေးဖွားပြီးနောက် သေစေရန် အကြံဖြင့်ဖြစ်စေ ပြုလုပ်မှုတစ်ခုခုကိုပြု၍ ထိုသို့ပြုခြင်းဖြင့် ထိုကလေးအရှင် မွေးဖွားခြင်းကို တားဆီးလျှင် သို့မဟုတ် မွေးဖွားပြီးနောက် သေစေလျှင် ထိုသို့ ပြုခြင်းသည် မိခင် အသက်ကို ကယ်ဆယ်ရန် သဘောရိုးဖြင့်ပြုခြင်း မဟုတ်ခဲ့သော် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။