ပုဒ်မ ၃၃၁
ပုဒ်မ ၃၃၁
ခြောက်လှန့်၍ ဖြောင့်ချက်ယူရန်ဖြစ်စေ၊ ပစ္စည်းပြန်ပေးအပ်စေရန် အတင်းအကျပ်ပြုရန်ဖြစ်စေ မိမိအလို အလျောက် အပြင်းအထန် နာကျင်စေမှု

အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူထံမှဖြစ်စေ ပြစ်မှု သို့မဟုတ် ကိုယ်ကျင့် ပျက်ပြားမှုပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့မဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်၍ တောင်းရန်သော်လည်းကောင်း အပြုခံရသူအား သို့မဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူအား ပစ္စည်းကိုဖြစ်စေ၊ အဖိုးတန်စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ပေးရန် သို့မဟုတ် ပြန်ပေးစေရန် သို့မဟုတ် တောင်းဆိုချက်ကိုဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးအပ်စေရန် သို့မဟုတ် ပစ္စည်းကိုဖြစ်စေ၊ အဖိုးတန်စာတမ်းအမှတ်အသားကိုဖြစ်စေ၊ ပြန်ရစေနိုင်သော သတင်းကိုပေးစေရန် အတင်းအကျပ်ပြု စေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုကို ပြုလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။