အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့်အကျိုး သက်ဆိုင်သူထံမှဖြစ်စေ ပစ္စည်းကို သို့မဟုတ် အဖိုးတန်စာတမ်းအမှတ်အသားကို ခြောက်လှန့်တောင်းရန်သော်လည်းကောင်း၊ ဥပဒေနှင့်မညီသော အရာကို သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို လွယ်ကူစေသောအရာကို ပြုစေခြင်းငှာ အပြုခံရသူကိုဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူကို ဖြစ်စေ အတင်းအကျပ်ပြုစေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုကိုပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။