မည်သူမဆို သူတစ်ဦးဦးကို မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် ထိုသူကို လက်ရောက်မှု ကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။