ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းဖြစ်သူကို မိမိအလို အလျောက်နာကျင်စေလျှင် သို့မဟုတ် ထိုသူကိုဖြစ်စေ၊ အခြားပြည်သူ့ ဝန်ထမ်းကိုဖြစ်စေ ပြည်သူ့ဝန်ထမ်း အဖြစ်ဖြင့် တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ တားဆီးရန် သို့မဟုတ် ဟန့်တားရန် အကြံဖြင့် မိမိအလို အလျောက် နာကျင်စေလျှင် သို့မဟုတ် ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် မိမိ၏တာဝန်ဝတ္တရားကို ဥပဒေနှင့် အညီ ဆောင်ရွက်နေစဉ် ထိုသူပြုပြီးသော သို့မဟုတ် ပြုရန်အားထုတ်ပြီးသော အကြောင်းကြောင့် ထိုသူအား မိမိအလိုအလျောက် နာကျင်စေမှုကိုပြုလျှင် ထိုသို့ နာကျင်စေမှုပြုသောသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။