ပုဒ်မ ၃၄၈
ပုဒ်မ ၃၄၈
ခြောက်လှန့်၍ ဖြောင့်ချက် ယူရန်ဖြစ်စေ၊ ပစ္စည်းကို ပြန်ပေးစေရန် အတင်းအကျပ်ပြုရန်ဖြစ်စေ မတရား ချုပ်နှောင်ထားမှု

ချုပ်နှောင်ခံရသူထံမှဖြစ်စေ၊ ချုပ်နှောင်ခံရသူနှင့် အကျိုးသက်ဆိုင်သောသူထံမှဖြစ်စေ ပြစ်မှု သို့မဟုတ် ကိုယ်ကျင့်ပျက်ပြားမှုပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့မဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်၍တောင်းရန်သော်လည်းကောင်း၊ ထိုသူတစ်ဦးဦးအား ပစ္စည်းကိုဖြစ်စေ၊ အဖိုးတန်စာတမ်း အမှတ်အသားကိုဖြစ်စေ ပြန်ပေးရန် သို့မဟုတ် ပြန်ပေးစေရန် သို့မဟုတ် တောင်းဆိုချက်ကိုဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးရန် သို့မဟုတ် ပစ္စည်းကိုဖြစ်စေ၊ အဖိုးတန်စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင်သော သတင်းကိုပေးရန် အတင်းအကျပ်ပြုစေရန်သော်လည်းကောင်း မည်သူမဆို သူတစ်ဦးဦး အား မတရားချုပ်နှောင်လျှင်၊ ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။