ပြည်သူ့ဝန်ထမ်းဖြစ်သူသည် ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရားဆောင်ရွက်ရာတွင် သော်လည်းကောင်း၊ ထိုပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရားဆောင်ရွက်ခြင်းကို တားဆီးရန် သို့မဟုတ် ဟန့်တားရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုပြည်သူ့ ဝန်ထမ်းအဖြစ်ဖြင့် ဥပဒေနှင့်အညီ တာဝန်ဝတ္တရားကို ဆောင်ရွက်ရာတွင် ပြုမူဆောင်ရွက်သောကိစ္စတစ်ခုခု သို့မဟုတ် ပြုမူဆောင်ရွက်ရန် အားထုတ်သော ကိစ္စတစ်ခုခုကြောင့်သော်လည်းကောင်း မည်သူမဆို ထိုပြည်သူ့ဝန်ထမ်းကို လက်ရောက်မှု သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအားနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။