ပုဒ်မ ၃၃၃
ပုဒ်မ ၃၃၃
ပြည်သူ့ဝန်ထမ်းအား တာ၀န်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု

ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းဖြစ်သူကို မိမိအလို အလျောက် အပြင်းအထန်နာကျင်စေလျှင် သို့မဟုတ် ထိုသူကိုဖြစ်စေ၊ အခြားပြည်သူ့ဝန်ထမ်းကိုဖြစ်စေ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ တားဆီးရန် သို့မဟုတ် ဟန့်တားရန် အကြံဖြင့် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေလျှင် သို့မဟုတ် ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် မိမိ၏ တာဝန်ဝတ္တရားကို ဥပဒေနှင့်အညီ ဆောင်ရွက်နေစဉ် ထိုသူပြုပြီးသော သို့မဟုတ် ပြုရန် အားထုတ် ပြီးသော အကြောင်းကြောင့် ထိုသူအား မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုကိုပြုလျှင် ထိုသို့ နာကျင်စေမှုပြုသောသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။