ပုဒ်မ ၃၃၅ ၌ ပြဋ္ဌာန်းထားသော အချက်မှတစ်ပါး ပစ်ခတ်ရန် သို့မဟုတ် ထိုးရန် သို့မဟုတ် ခုတ်ဖြတ်ရန် ကိရိယာတစ်ခုခုဖြင့်ဖြစ်စေ၊ ရန်မူသောလက်နက်အဖြစ်ဖြင့် သုံးစွဲလျှင် သေစေတန်ရာသော ကိရိယာ တစ်ခုခုဖြင့်ဖြစ်စေ၊ မီးဖြင့်သို့မဟုတ် အပူရှိန်ရှိသော အရာဝတ္ထုတစ်ခုခုဖြင့်ဖြစ်စေ၊ အဆိပ်ဖြင့် သို့မဟုတ် စားလောင်စေတတ်သော အရာဝတ္ထုတစ်ခုခုဖြင့်ဖြစ်စေ၊ ပေါက်ကွဲတတ်သော အရာဝတ္ထုတစ်ခု ခုဖြင့်ဖြစ်စေ ရှူရှိုက်လျှင် သို့မဟုတ် မျိုချလျှင် သို့မဟုတ် သွေးထဲသို့ရောက်သွားလျှင် လူကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေတတ်သော အရာဝတ္ထုတစ်ခုခုဖြင့်ဖြစ်စေ၊ တိရစ္ဆာန်တစ်ကောင်ကောင်ဖြင့်ဖြစ်စေ မည်သူ မဆို သူတစ်ဦးအား မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။