သူတစ်ဦးဦးကို ချုပ်နှောင်ထားသည်တွင် ထိုသို့ချုပ်နှောင်ထားခြင်းကို ချုပ်နှောင်ခံရသူနှင့် အကျိုးသက်ဆိုင်သောသူဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းဖြစ်စေမသိအောင်သော်လည်းကောင်း၊ ချုပ်နှောင်ထား သော နေရာကို အဆိုပါသူတစ်ဦးဦးမသိအောင် သို့မဟုတ် မတွေ့မမြင်အောင်သော်လည်း ကောင်း ကြံရွယ်ကြောင်းဖော်ပြသော နည်းဖြင့် မည်သူမဆို သူတစ်ဦးဦးအား မတရားချုပ်နှောင်ထားလျှင် ထိုသူကို မတရားချုပ်နှောင်ထားမှုအတွက် ထိုက်သင့်သော ပြစ်ဒဏ်အပြင် နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ကိုလည်း ချမှတ်ရမည်။