အသက်ဆယ့်ရှစ်နှစ်အောက် ကလေးဖြစ်စေ၊ စိတ်ပေါ့သွပ်သူဖြစ်စေ၊ သွေးလေ ချောက်ချားသူ ဖြစ်စေ၊ ဝမ်းတွင်းရူးသူဖြစ်စေ၊ မူးယစ်နေသူဖြစ်စေ မိမိကိုယ်ကိုမိမိ သေကြာင်းကြံမှုတွင် မည်သူမဆို ထိုသို့ သေကြောင်းကြံသည်ကို အားပေးကူညီလျှင် ထိုသူကို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။