ပုဒ်မ ၅
အငြင်းဖြစ်သည့်အကြောင်းခြင်းရာ၊ စပ်ဆိုင်သောအကြောင်းခြင်းရာများကိုသာ သက်သေခံတင် ပြနိုင်ခြင်း
ပုဒ်မ ၆
အမှုကိစ္စတစ်မှုတည်းတွင် ပါဝင်သောအကြောင်းခြင်းရာများသည်စပ်ဆိုင်သောအကြောင်းခြင်း ရာများဖြစ်ခြင်း
ပုဒ်မ ၇
အငြင်းဖြစ်သည့်အကြောင်းခြင်းရာများဖြစ်ပွားသည့်အခါတွင်သော်လည်းကောင်း၊ ဖြစ်ပွားရသည့် အကြောင်းတရားသော်လည်းကောင်း၊ ဖြစ်ပွားမှု၏အကျိုးတရားသော်လည်းကောင်း ဖြစ်သော အကြောင်းခြင်းရာများ
ပုဒ်မ ၈
စေ့ဆော်ချက်၊ ပြင်ဆင်မှု၊ အမှုမတိုင်မီ အပြုအမှု သို့မဟုတ် အမှုဖြစ်ပွားပြီးနောက်အပြုအမူ
ပုဒ်မ ၉
စပ်ဆိုင်သော အကြောင်းခြင်းရာများကို ရှင်းလင်းရန်သို့မဟုတ် ထုတ်ဖော်ရန်လိုအပ်သော အကြောင်းခြင်းရာများ
ပုဒ်မ ၁၀
တူညီသောအကြံအစည်နှင့် စပ်လျဉ်း၍ ပူးပေါင်းကြံစည်သူ၏ပြောဆိုချက် သို့မဟုတ် ပြုမူချက်များ
ပုဒ်မ ၁၁
အခြားနည်းအားဖြင့် စပ်ဆိုင်ခြင်းမရှိသည့်အကြောင်းခြင်းရာများမည်သည့်အခါစပ်ဆိုင်လာခြင်း
ပုဒ်မ ၁၂
နိုင်ရန်အထောက်အကူဖြစ်စေမည့်အကြောင်းခြင်းရာများသည်စပ်ဆိုင်ခြင်း
ပုဒ်မ ၁၃
အခွင့်အရေး သို့မဟုတ် ဓလေ့ထုံးတမ်းရှိမရှိဟူသောပြဿနာပေါ်ပေါက်သည့်အခါစပ်ဆိုင်သော အကြောင်းခြင်းရာများ။
ပုဒ်မ ၁၄
စိတ်၏အခြေအနေသော်လည်းကောင်း၊ ကိုယ်ခန္ဓာ၏အခြေအနေသော်လည်းကောင်း၊ ကိုယ်ခန္ဓာ ၌ခံစားမှုအခြေအနေသော်လည်းကောင်း၊ အမှန်တည်ရှိကြောင်းဖော်ပြသည့်အကြောင်းအချက်များ
ပုဒ်မ ၁၅
ပြုလုပ်မှုကိုမတော်တဆ သို့မဟုတ် တမင်ပြုလုပ်ခြင်း ဟုတ် မဟုတ် ဟူသောပြဿနာနှင့် သက်ဆိုင်သော အကြောင်းခြင်းရာများ
ပုဒ်မ ၁၆
လုပ်ရိုးလုပ်စဉ်ရှိခြင်းသည်မည်သည့်အခါတွင်စပ်ဆိုင်ခြင်း
ပုဒ်မ ၁၈
အမှုသည်၏ သို့မဟုတ် ယင်း၏ကိုယ်စားဆောင်ရွက်သူ၏ဝန်ခံချက်
ပုဒ်မ ၁၉
အမှုသည်တစ်ဦးဦးကိုဆန့်ကျင်စေမည့် သက်သေထင်ရှားအဖြစ်မိမိတို့၏ အနေအထားကို သက်သေတူရမည့်သူတို့၏ဝန်ခံချက်များ
ပုဒ်မ ၂၀
တရားမမှုတွင် အမှုသည်ကအတိအလင်းရည်ညွှန်းထားသူတို့၏ဝန်ခံချက်များ
ပုဒ်မ ၂၁
ဝန်ခံချက်များကို ဝန်ခံချက်ပြုသူတို့အား သက်သေထင်ရှားစေခြင်း၊ ထို့ပြင်ဝန်ခံချက်ပြုသူတို့က သော်လည်းကောင်း၊ ယင်းတို့အတွက်အခြားသူတို့ကသော်လည်းကောင်း ထိုဝန်ခံချက်များကိုသက် သေထင်ရှားစေခြင်း
ပုဒ်မ ၂၂
စာတမ်း အမှတ်အသားများပါအကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ နှုတ်ဖြင့်ဝန်ခံချက်များသည် မည်သည့်အခါ၌စပ်ဆိုင်ခြင်း
ပုဒ်မ ၂၃
တရားမမှုများတွင် ဝန်ခံချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၂၄
သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကတိပေးခြင်းကြောင့် ပေးသောဖြောင့်ချက်သည် မည်သည့်အခါပြစ်မှုဆိုင်ရာအမှု၌မစပ်ဆိုင်ခြင်း
ပုဒ်မ ၂၅
ရဲအရာရှိထံပေးသောဖြောင့်ချက်ကို သက်သေထင်ရှားမတင်ပြရခြင်း
ပုဒ်မ ၂၆
ရဲအချုပ်တွင်ရှိနေစဉ်အတွင်းတရားခံပေးသည့်ဖြောင့်ချက်ကို ယင်းအားနစ်နာစေမည့်သက်သေထင် ရှားမတင်ပြရခြင်း
ပုဒ်မ ၂၇
တရားခံထံကရရှိသည့်သတင်းများအနက် မည်မျှကိုသက်သေခံတင်ပြနိုင်ခြင်း
ပုဒ်မ ၂၈
သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပေးခြင်းတစ်ခုခုကြောင့်ပေါ်ပေါက်လာသည့်ထင်မြင် ချက် ကိုပပျောက်စေပြီးမှပေးသောဖြောင့်ချက်သည်စပ်ဆိုင်ခြင်း
ပုဒ်မ ၂၉
အခြားနည်းစပ်ဆိုင်သည့်ဖြောင့်ချက်သည်လျှို့ဝှက်ထားမည်ဟုကတိပြုခြင်းစသောအကြောင်းများ ကြောင့်မစပ်ဆိုင်ဟုမဖြစ်စေရခြင်း
ပုဒ်မ ၃၀
ဖြောင့်ချက်ပေးသူနှင့်တကွပြစ်မှုတစ်မျိုးတည်းအတွက်အမှုတစ်ခုတည်းတွင်စစ်ဆေးစီရင်ခြင်းခံရသူများကိုပါ ထိခိုက်သည့်ပြင် သက်သေထင်ရှားလည်းရှိသော ဖြောင့်ချက်ကိုထည့်သွင်းစဉ်းစားခြင်း
ပုဒ်မ ၃၁
ဝန်ခံချက်များသည် အပြီးသတ် သက်သေခံချက်မဟုတ်သော်လည်း ကွဲပြားသည့်သက်သေခံချက် များ မတင်ပြနိုင်ရန်ငြင်းဆိုခွင့်မရှိခြင်း
ပုဒ်မ ၃၂
သက်သေများအဖြစ်ဆင့်ခေါ်၍ မရနိုင်သူတို့၏ ထွက်ဆိုချက်များအကြောင်း
ပုဒ်မ ၃၃
အမှုတစ်မှုမှသက်သေခံချက်၌ဖော်ပြထားသည့်အကြောင်းခြင်းရာများ သက်သေထင်ရှားအဖြစ် နောက်တစ်မှုတွင် သက်သေခံတင်ပြရန်အတွက်အဆိုပါသက်သေခံချက်သည်အမှု၌စပ်ဆိုင်ခြင်း
ပုဒ်မ ၃၄
ထူးခြားသော အခြေအနေတွင် ထွက်ဆိုရေးသားချက်များ
ပုဒ်မ ၃၅
တာဝန်ဝတ္တရားကိုဆောင်ရွက်သောအားဖြင့် အများပြည်သူဆိုင်ရာမှတ်တမ်းတွင် ရေးသွင်းချက် သည် စပ်ဆိုင်ခြင်း
ပုဒ်မ ၃၆
မြေပုံ၊ နယ်ပုံအသေးစိတ်မြေပုံများတွင် ပါရှိသည့်ရေးမှတ်ချက်များသည်အမှု၌စပ်ဆိုင်ခြင်း
ပုဒ်မ ၃၇
အများပြည်သူတို့နှင့်သက်ဆိုင်သည့်အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍အချို့သောဥပဒေများ သို့မဟုတ် အမိန့်ကြော်ငြာစာများတွင်ပါရှိသောရေးသားချက်သည်အမှု၌စပ်ဆိုင်ခြင်း
ပုဒ်မ ၃၈
ဥပဒေစာအုပ်များတွင်ပါရှိသည့် ဥပဒေတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့်ရေးသားဖော်ပြချက်များသည် စပ်ဆိုင်ခြင်း
ပုဒ်မ ၃၉
ရေးသားဖော်ပြချက်တစ်ခုတွင် မည်မျှကိုသာသက်သေထင်ရှားတင်ပြနိုင်ခြင်း
ပုဒ်မ ၄၀
တရားရုံး၏ စီရင်ချက်များသည် မည်သည့်အခါ စပ်ဆိုင်ရခြင်း
ပုဒ်မ ၄၁
သေတမ်းစာအတည်ပြုလက်မှတ်စသည်များနှင့်စပ်လျဉ်း၍စီရင်ပိုင်ခွင့်ရှိသော တရားရုံးကချမှတ် သောစီရင်ချက်များစပ်ဆိုင်ခြင်း။
ပုဒ်မ ၄၂
ပုဒ်မ ၄၁ တွင်ဖော်ပြထားသည့်စီရင်ချက်၊ အမိန့် သို့မဟုတ် ဒီကရီများမှတစ်ပါးအခြားစီရင်ချက် အမိန့်၊ သို့မဟုတ် ဒီကရီများ၏စပ်ဆိုင်ခြင်းနှင့် အကျိုးသက်ရောက်ခြင်း
ပုဒ်မ ၄၃
ပုဒ်မ ၄၀ မှ ၄၂ တွင်ဖော်ပြထားသော စီရင်ချက်များမဟုတ်သော အခြားစီရင်ချက်စသည်များမှာ မည်သည့်အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၄၄
စီရင်ချက်ကိုရရှိရန်လိမ်လည်လှည့်ဖြားခြင်း၊ သို့မဟုတ် ပူးပေါင်းကြံစည်ခြင်းကိုဖြစ်စေ၊ တရားရုံး၌ စီရင်ပိုင်ခွင့်မရှိခြင်းကိုဖြစ်စေ အကြောင်းခြင်းရာတင်ပြနိုင်ခြင်း
ပုဒ်မ ၄၅
အခြားသူများ၏ထင်မြင်ချက်များသည် မည်သည့်အခါအမှု၌စပ်ဆိုင်ခြင်း
ပုဒ်မ ၄၆
ကျွမ်းကျင်သူတို့၏ထင်မြင်ချက်များနှင့်စပ်လျဉ်းသော အကြောင်းခြင်းရာများ
ပုဒ်မ ၄၇
လက်ရေးလက်သားနှင့် စပ်လျဉ်းသည့်ထင်မြင်ချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း။
ပုဒ်မ ၄၈
အခွင့်အရေး၊ သို့မဟုတ် ဓလေ့ထုံးတမ်းအမှန်ရှိမရှိနှင့်စပ်လျဉ်းသောထင်မြင်ချက်သည် မည်သည့် အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၄၉
အလေ့အထများ၊ အယူဝါဒများစသည်တို့နှင့် စပ်လျဉ်းသည့်ထင်မြင်ချက်များမည်သည့်အခါအမှု ၌စပ်ဆိုင်ခြင်း
ပုဒ်မ ၅၀
ဆွေမျိုးတော်စပ်ခြင်းနှင့် စပ်လျဉ်းသည့် ထင်မြင်ချက်သည်မည်သည့်အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၅၁
ထင်မြင်ချက်အတွက် အကြောင်းပြချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၅၂
အကျင့်စာရိတ္တသည် မည်သည့်အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၅၃
ပြစ်မှုဆိုင်ရာအမှုများတွင် ယခင်က အကျင့်စာရိတ္တကောင်းခဲ့ခြင်းသည် စပ်ဆိုင်ခြင်း
ပုဒ်မ ၅၄
ယခင်က အကျင့်စာရိတ္တမကောင်းခဲ့ခြင်းသည် အကျင့်စာရိတ္တကောင်းသည်ဆိုခြင်းကိုပြန်လည်ချေ ပရန်မဟုတ်လျှင်မစပ်ဆိုင်ခြင်း
ပုဒ်မ ၅၅
နစ်နာကြေးအရေအတွက်နှင့်သက်ဆိုင်သည့်အကျင့်စာရိတ္တ။