ပုဒ်မ ၃၄
ပုဒ်မ ၃၄
ထူးခြားသော အခြေအနေတွင် ထွက်ဆိုရေးသားချက်များ

စာရင်းစာအုပ်များပါရေးသွင်းချက်များသည်မည်သည့်အခါစပ်ဆိုင်ခြင်း။

လုပ်ရိုးလုပ်စဉ်အရ နည်းလမ်းတကျထားရှိသည့် ငွေစာရင်းစာအုပ်များပါ ရေးသွင်းချက်များသည်တရားရုံးက စုံစမ်းစစ်ဆေးရသည့်အကြောင်းအရာနှင့်သက်ဆိုင်သည့်အခါစပ်ဆိုင်သည်။ သို့ရာတွင် ထိုသို့ ရေးသားချက်များ သက်သက်မျှဖြင့် တစ်ဦးတစ်ယောက်သောသူအပေါ်တွင်တာဝန်ရှိစေရန် လုံ လောက်သောသက်သေခံချက်မဖြစ်စေရ။

ဥပမာ

A က B ထံမှငွေ ကျပ် ၁၀၀၀ ရလိုကြောင်းဖြင့် B အားတရားစွဲဆိုရာ၌ B အပေါ်တွင် A ၏ကြွေးမြီငွေကျပ် တစ်ထောင်တင်ရှိကြောင်း ဖော်ပြသည့်မိမိ၏စာရင်းစာအုပ်များပါ ရေးသွင်းချက်များကိုတင်ပြသည်။ ထိုရေးသွင်းချက်များသည် စပ်ဆိုင်သော်လည်း အခြားသက်သေခံချက်မရှိလျှင် ထိုရေးသွင်းချက်တို့မှာ အဆိုပါ ကြွေးမြီတင်ရှိခြင်းအတွက်လုံလောက်သောသက်သေခံချက်မဟုတ်ချေ။