အများပြည်သူတို့နှင့် သက်ဆိုင်သော အကြောင်းခြင်းရာ တစ်ခုခုသည် အမှန်ရှိမရှိနှင့်စပ်လျဉ်း၍ တရားရုံးက ဆင်ခြင်သုံးသပ်ရန်ရှိသည့်အခါ ဂရိတ်ဗြိတိန်နှင့်အိုင်ယာလန်အပါအဝင် ယူနိုက်တက်ကင်း ဒမ်းနိုင်ငံ ပါလီမန် မှထုတ်ဆင့်သော အက်ဥပဒေများ သို့မဟုတ် ထိုအချက်ကိုပြည်ထောင်စုမြန်မာနိုင်ငံ တော် သို့မဟုတ် အိန္ဒိယ သို့မဟုတ် ပါကစ္စတန်တွင် တစ်ချိန်ချိန်၌ တည်ဆဲဖြစ်သည့် ဥပဒေတစ်ရပ်ရပ် တွင်ဖြစ်စေ၊ ပြန်တမ်းတွင်ပါရှိသည့် အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်၏ အမိန့်ကြော်ငြာစာတွင်ဖြစ်စေ၊ လန်ဒန်ပြန်တမ်းပါပုံနှိပ်စာရွက်တွင်ဖြစ်စေ၊ ဗြိတိန်ဘုရင်ပိုင်ကိုလိုနီနယ်မြေ၏အစိုးရကဖြစ်စေ၊ ရေးသားဖော်ပြထားလျှင် ထိုရေးသားဖော်ပြချက်သည် အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။