ပုဒ်မ ၆
ပုဒ်မ ၆
အမှုကိစ္စတစ်မှုတည်းတွင် ပါဝင်သောအကြောင်းခြင်းရာများသည်စပ်ဆိုင်သောအကြောင်းခြင်း ရာများဖြစ်ခြင်း

အချို့အကြောင်းခြင်းရာများသည် အငြင်းဖြစ်သည့် အကြောင်းခြင်းရာများနှင့်အတူ အမှုကိစ္စတစ်ခု တည်းတွင် ပါဝင်နေသည်ဟုဆိုရလောက်အောင် တစ်ခုနှင့် တစ်ခုဆက်စပ်လျှင် တစ်ချိန်တည်း။ တစ်နေ ရာတည်းတွင် သို့မဟုတ် ကွဲပြားခြားနားသောအချိန်များ၊ နေရာများတွင် ဖြစ်ပွားစေကာမူ၊ အဆိုပါ အ ကြောင်းခြင်းရာများသည် အငြင်းဖြစ်သည့် အကြောင်းခြင်းရာများပင်မဟုတ်သော်လည်း အမှု၌စပ်ဆိုင် သည်။

ဥပမာများ

(က) A သည် B ကို ရိုက်နှက်ခြင်းဖြင့် လူသတ်မှုကျူးလွန်သည်ဟု စွဲဆိုခြင်းခံရသည်။ ထိုသို့ရိုက်နှက် စဉ် ဖြစ်စေ၊ အမှုကိစ္စတစ်ခုတည်းတွင် အပါအဝင်ဖြစ်လောက်အောင် အဆိုပါရိုက်နှက်ချိန်ထက် မရှေး မနှောင်းသောအချိန်တွင်ဖြစ်စေ၊ A သို့မဟုတ် B သို့မဟုတ် အနီးအနားရှိလူများပြောဆိုပြုမူသမျှသည် စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်သည်။

(ခ) A သည်လက်နက်စွဲကိုင်ဆူပူသောင်းကျန်းရာတွင် ပါဝင်ခြင်းကြောင့် နိုင်ငံ တော်ကို စစ်မက်ပြိုင် ဆိုင်မှုဖြင့်စွဲဆိုခြင်းခံရသည်။ ထိုသို့လက်နက်စွဲကိုင်ဆူပူသောင်းကျန်းရာတွင် ဥစ္စာပစ္စည်းကိုဖျက်ဆီး ခြင်း၊ တပ်မတော်ကိုတိုက်ခိုက်ခြင်း၊ အကျဉ်းထောင်များကို ဖောက်ခြင်းတို့ပါဝင်သည်။ အဆိုပါ အကြောင်းခြင်းရာများ ဖြစ်ပွားရာနေရာအားလုံး၌ A မရှိသော်လည်း ထိုဖြစ်ပွားမှုများမှာ ပင်မအမှုကြီး တွင်အပါအဝင် ဖြစ်သောကြောင့်စပ်ဆိုင်သည်။

(ဂ) A နှင့် B တို့စာပေးစာယူ ပြုလုပ်ရာတွင်ပါဝင်သည့်စာတစ်စောင်၌ပါရှိသော အသရေပျက်စေသည့် စကားများနှင့်စပ်လျဉ်း၍ A က B ကိုတရားမမှုစွဲဆိုသည်။ အခြားစာများမှာ အသေရေပျက်စေသည့် စကားများမပါရှိသော်လည်း၊ ထိုအသရေ ပျက်မှု ဖြစ်ပွားလာရင်းအကြောင်းကိစ္စနှင့်ဆက်စပ်နေပြီး နှစ်ဘက်အမှုသည်တို့စာပေးစာယူပြုလုပ်ရာတွင်ပါဝင်သည့် စာများဖြစ်လျှင် စပ်ဆိုင်သော အကြောင်း ခြင်းရာများဖြစ်သည်။

(ဃ) ပြဿနာမှာ B ထံမှ မှာယူသောကုန်ပစ္စည်းများကို A အားပေးအပ်ခြင်း ပြု မပြုဖြစ်သည်။ ထိုကုန် ပစ္စည်းများကို ကြားလူများမှ တစ်ဆင့်ပြီးတစ်ဆင့်ပေး အပ်သည်။ ဤကဲ့သို့ တစ်ဆင့်မှတစ်ဆင့် ပေးအပ်ခဲ့ခြင်းသည် စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်။