ပုဒ်မ ၃၈
ပုဒ်မ ၃၈
ဥပဒေစာအုပ်များတွင်ပါရှိသည့် ဥပဒေတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့်ရေးသားဖော်ပြချက်များသည် စပ်ဆိုင်ခြင်း

တိုင်းပြည်တစ်ပြည်၏ ဥပဒေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားရုံးက ဆင်ခြင်သုံးသပ်ရန်ရှိသည့်အခါ အဆိုပါတိုင်းပြည် အစိုးရ၏အမိန့်အရ၊ထိုဥပဒေမျိုးကိုထည့်သွင်း၍ ပုံနှိပ်သည့် သို့မဟုတ် ထုတ်ဝေသည့် သဘောသက်ရောက်သော စာအုပ်တွင်ပါရှိသည့်အဆိုပါ ဥပဒေနှင့်စပ်လျဉ်းသော ရေးသားဖော်ပြချက်တစ်ရပ်ရပ်သည်လည်းကောင်း၊ အဆိုပါတိုင်းပြည်ရှိတရားရုံးများ၏စီရင်ထုံးစာအုပ်အဖြစ် သဘော သက်ရောက်သောစာအုပ်တွင် ပါရှိသည့်စီရင်ထုံးတစ်ခုခုသည်လည်းကောင်းစပ်ဆိုင်သည်။